Shell Advance 4T AX7 10W-40
  • Technology – Synthetic
  • Standards – API SM, JASO MA2
  • Packaging – 1L
  • Description – Shell Synthetic 4 Stroke Motorcycle Engine Oil
    Excellent Protection For Your Motorcycle Engine
    Synthetic 4 Stroke မော်တော်ဆိုင်ကယ် အင်ဂျင်ဝိုင်
    R.C.E နည်းပညာဖြင့် ထုတ်လုပ်ထားသည့် Shell Advance 4T AX7 သည် စွမ်းဆောင်ရည်မြင့် (ပါဝါအမြင့်) မော်တော်ဆိုင်ကယ်များအတွက် Synthetic အင်ဂျင်ဝိုင်ဖြစ်ပါသည်။ ယနေ့ခေတ် ဖိအားများအောက် မြင့်မားသည့် ပါဝါနှင့် လည်အား ထုတ်လုပ်နေသည့် ဆိုင်ကယ်အင်ဂျင်များသည် ယုံကြည်အားထား လောက်သည့် အင်ဂျင်ဝိုင် အရည်အသွေးကို တောင်းဆိုနေကြပါသည်။
    R.C.E နည်းပညာသည် ဆိုင်ကယ်စီးနှင်းသူ၏ အထိအတွေ့တိုင်းကို တန့်ပြန်နိုင်ပြီး၊ ဆိုင်ကယ်၏ အမြင့်ဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေပါသည်။
    Shell Advance 4T AX7 သည် ကျနော်တို့၏ ကောင်းမွန်သည့် 4 stroke ဆိုင်ကယ်အင်ဂျင်ဝိုင် ဖြစ်ပါသည်။ Synthetic Shell Advance 4T သည်သန့်စင်သည့် အခြေခံဆီကို မော်တော် ဆိုင်ကယ်အတွက် ရွေးချယ်ထားသည့် ထပ်တိုးပစ္စည်းများနှင့်အတူ Active Cleansing Technology ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပါသည်။ ၎င်းသည် အင်ဂျင်ကိုသန့်စင်ပါသည်။ သန့်စင်သည့် အင်ဂျင်သည် အကောင်းဆုံးသော စွမ်းဆောင်ရည်ဖြင့် ကာကွယ်မှုအပြည့်ရှိပါသည်။ Shell Advance 4T AX7 သည် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများ၏ လိုအပ်ချက်ထက် ပြည့်မှီပါသည်။

စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ
အင်ဂျင်ကိုသန့်စင်ပေးပါသည်။
အင်ဂျင်စွမ်းဆောင်ရည်ကောင်းမွန်ပြီး အင်ဂျင်၏ တန့်ပြန်မှုကို လျှင်မြန်စေပါသည်။
အင်ဂျင်တုန်ခါခြင်းနှင့် ဆူညံမှုကို လျော့ချပေးပါသည်။
အင်ဂျင်ကို ကာကွယ်ပေး၍ သက်တမ်းပိုရှည်စေပါသည်။

Technology
Active Cleansing Technology သည် အင်ဂျင်တွင်း ဂျိုးဖြစ်လာစေသည့် အမှုန်အညစ်အကြေးများကို သန့်စင် ကာကွယ်ပေးပါသည်။

အဓိက အသုံးပြုနိုင်သည့် နေရာအများ
စွမ်းဆောင်ရည်မြင့် ရေ၊ လေ အအေးခံစနစ်ပါသည့် 4 stroke ဆိုင်ကယ်များ၊ ပြိုင်ဘီးများ၊ ဂီယာနှင့်တွဲထားသည့် ကလစ်အဆို အသုံးပြု အင်ဂျင်များ၌ အသုံးပြုနိုင်ပါသည်။

ထောက်ခံချက်များ၊ စံသတ်မှတ်ချက်များ နှင့် ခွင့်ပြုချက်များ
အောက်ဖော်ပြပါ ဆီသား ဂရိတ်များဖြင့် ရရှိနိုင်ပါသည်။
SAE 10W-30, 10W-40 နှင့် 15W-50
ဤထုတ်ကုန် နှစ်ခုစလုံးသည် အောက်ဖော်ပြပါ နိုင်ငံတကာ သတ်မှတ်ချက်များ ထက်ပိုမိုကောင်းမွန်ပါသည်။
API SM
JASO MA2
Shell 4T Ultra သည် Ducati မှ အပြည့်အဝထောက်ခံထားပါသည်။
ထောက်ခံချက်အပြည့်အစုံအတွက် Shell နည်းပညာ ဠာနကိုဆက်သွယ်နိုင်ပါသည်။