Shell Tellus S2 MX 100

    • Technology – Synthetic
    • Standards – Eaton E, FDGN-TB002-E, ISO 11158 (HM fluids), DIN 51524 Part 2 HLP type, ASTM D6158-05 (HM fluids)
    • Packaging –
    • Description – Hydraulic Oil

        • ဆီသက်တမ်းကြာရှည်မှု
        • ထပ်တိုးကာကွယ်မှု
        • စွမ်းဆောင်ရည်ကောင်းမွန်မှု
        • စက်ရုံအလုပ်ရုံအသုံးပြုနိုင်မှု

      အရည်အသွေးမြင့် ဟိုက်ဒရောလစ်ဆီ၊ Group ll အခြေခံဆီနည်းပညာ၊ စက်ရုံအလုပ်ရုံ အသုံးပြုနိုင်မှု
      Shell Tellus S2 MX သည် များစွာသော ရွေ့လျားစက်များနှင့် ကုန်ထုတ်စက်ပစ္စည်းများ၌ ထူးခြားကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် ကာကွယ်မှုကို ထောက်ပံ့ပေးသော၊ Group ll အခြေခံဆီဖြင့်ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် ဟိုက်ဒရောလစ်ဆီ ဖြစ်ပါသည်။ ဖိအားနှင့် အပူချိန်အောက် ဆီသားပျက်စီးမှုမရှိဘဲ ဟိုက်ဒရောစနစ်၏ စွမ်းဆောင်ရည်ကိုလျော့ကျစေသည့် အနည်အနှစ်၊ ဂျိုး ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးပေးပါသည်။

 စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ

    • ဆီသက်တမ်းကြာရှည်မှု – ကုန်ကျစားရိတ်သက်သာမှု
      Shell Tellus S2 MX သည် ဆီသားပျက်စီးမှုနှင့် အပူချိန်ကိုကောင်းစွာ ခံနိုင်ရည်ရှိပြီး ဆီသက်တမ်းကြာရှည်စေပါသည်။ ၎င်းသည် အနည်အနှစ်ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး၊ ပိုမိုသန့်ရှင်း ယုံကြည်ရသော လည်ပတ်မှုကိုဖြစ်စေပါသည်။ Shell Tellus S2 MX သည် စိုထိုင်းသည့် ပတ်ဝန်းကျင်၌လည်း သံချေးတက်ခြင်း၊ တိုက်စားခြင်း စသည်တို့ကို လျော့ချပေးလျက် ဆီသက်တမ်းကြာရှည်စွာဖြင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါသည်။
    • အလွန်ကောင်းမွန်သည့် ပွန်းစားမှုကာကွယ်ခြင်း
      Shell Tellus S2 MX သည် အနာဂတ် ဟိုက်ဒရောလစ်စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ဖိအား FZG စမ်းသက်ချက်ဖြစ်သည့် FLS 11 ၌ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါသည်။ Dension T6H20C နှင့် Eaton Vickers 35VQ25 စမ်းသက်ချက်များ၌လည်း ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို သက်သေပြပြီးဖြစ်ပါသည်။ Shell Tellus S2 MX သည် စနစ် အစိတ်အပိုင်းများကို ကြာရှည်စွာ အလုပ်လုပ်နိုင်စေပါသည်။
    • ဟိုက်ဒရောလစ်စနစ်၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ခြင်း
      ဟိုက်ဒရောလစ်စနစ်၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးသည့် ဟိုက်ဒရောလစ်ဆီ၏ လေမခိုနိုင်ခြင်း၊ အမြှုပ်မထခြင်း၊ ရေမခိုနိုင်ခြင်း၊ အမှုန်အမွှားစစ်ထုတ်နိုင်ခြင်း စသည်တို့ကို ပိုင်ဆိုင်ထားပါသည်။ အလုပ်လုပ်နေစဉ် စနစ်အတွင်း ညပ်ခြင်း၊ ချော်ခြင်း စသည်တို့ကို လျော့ချပေးပါသည်။ ISO 4406 20/18/15 မှသတ်မှတ်ထားသည့် အမှုန်အမွှား သန့်စင်မှုစမ်းသက်ချက်ထက် ပိုမိုကောင်းမွန်သော ကြောင့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် Filter ၏သက်တမ်းကိုပိုမိုရှည်ကြာစေပါသည်။
      အသုံးပြုနိုင်သည့်နေရာများ
    • စက်ရုံအလုပ်ရုံ ဟိုက်ဒရောလစ်စနစ်များ
      Shell Tellus S2 MX သည် ကုန်ထုတ်စက်ရုံ အလုပ်ရုံများရှိ ပါဝါဟိုက်ဒရောလစ် စနစ်များအတွင် အသုံးပြုနိုင်ပါသည်။
    • ရွေ့လျား ပါဝါဟိုက်ဒရောလစ်စနစ်များ
      Shell Tellus S2 MX သည် မြေတူးစက်၊ ကရိန်းအစရှိသော ရွေ့လျား ပါဝါဟိုက်ဒရောလစ်စနစ်များ တွင်အသုံးပြုနိုင်ပါသည်။ အပူချိန်အပြောင်းအလဲရှိသော ပတ်ဝန်းကျင်တွင် Shell Tellus S2 VX ကို အသုံးပြုသင့်ပါသည်။
    • ရေကြောင်း ဟိုက်ဒရောလစ်စနစ်များ
      ISO HM အမျိုးအစားအသုံးပြုရန် ထောက်ခံချက်ပေးထားသော ရေကြောင်းအသုံးပြုမှုများတွင် အသုံးပြုရန်သင့်တော်ပါသည်။

ရရှိထားသော ထောက်ခံချက်များ

    • Eaton E-FDGN-TB002-E
    • ISO 11158 (HM fluids)
    • DIN 51524 Part 2 HLP type
    • ASTM D6158-05 (HM fluids)