Shell Rimula R4 X 15W-40

Shell Multi Heavy Duty Diesel Engine Oil
The Best Diesel Engine Oil for a long Engine Life

ဝန်ကြီးထမ်းဒီဇယ်အင်ဂျင်ဝိုင် (Heavy Duty Diesel Engine Oil)
Shell Rimula R4 X သည် အင်ဂျင် နှင့် ဆီသား ပိုမိုကြာရှည်စေရန် သုံးဆ ပိုမို ကာကွယ်ပေးပါသည်။ ပြင်ဆင်မှုနည်းနည်းဖြင့် ကြံခိုင်သည့် ယာဉ်များအဖြစ် ကူညီပေးပါသည်။ လမ်းပေါ်မောင်းနှင်နေသောယာဉ်များ နှင့် လုပ်ငန်းခွင်သုံး ဝန်ကြီးထမ်း ယာဉ်များတွင် အသုံးဝင်ပါသည်။

စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ

အက်စစ် နှင့် တိုက်စားမှု ထိန်းချုပ်ခြင်း
Shell Rimula R4 X သည် အင်ဂျင်တွင်း အင်စစ်များစုပုံခြင်း၊ အင်ဂျင် ဘယ်ယာရင် များအား Chemical တိုက်စားခြင်းများကို အထူးကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါသည်။ ဆီ(Fuel) လောင်ကျွမ်းခြင်းမှ ထွက်လာသည့် အက်စစ်များအား အင်ဂျင်ဝိုင်အတွင်း အထူးပြု ထည့်သွင်းထားသည့် ထက်တိုးပစ္စည်းများက ဓာတ်ပြယ်စေကာ၊ အင်ဂျင်တွင်း အစိတ်အပိုင်းများ တိုက်စား ဖျက်စီးခံရခြင်းမှ ကာကွယ်ပေးပါသည်။

အင်ဂျင်တွင်း ပွန်းစားမှုကို လျော့ချပေးခြင်း
Shell Rimula R4 X သည် ဗားထရိန်း၊ ပစ်စတင်ရိန်း နှင့် စလင်ဒါလိုင်းများ စသည့်အင်ဂျင်၏အဓိကနေရာများရှိ ပွန်းစားမှုကို မြင့်မားစွာ ကာကွယ်ပေးပါသည်။ အင်ဂျင်ဝိုင်ထဲ ပါဝင်သည့် anti-wear ထပ်တိုးပစ္စည်းသည်သတ္တုချင်းထိစပ်သည့်ကြားထဲ၌အလွှာတစ်ခုအဖြစ်ဖြင့်ကာကွယ်ပေးပါသည်။ soot-dispersant ထပ်တိုးပစ္စည်းသည် အင်ဂျင်တွင်းရှိ အမှုန် နှင့် အညစ်အကြေးများကို ခွဲထုတ်သယ်ဆောင်ပေးပြိး အင်ဂျင်ကို ပွန်းစားမှုမှကာကွယ်ပေးပါသည်။

အညစ်အကြေးထိန်းချုပ်ခြင်း
ပစ်စတင် ဂျိုးကပ်ခြင်း အပါအဝင် အင်ဂျင်တွင်းနေရာတိုင်း၌ အင်ဂျင်ကိုထိခိုက်နိုင်သည့် အရာများကို ကာကွယ်တားဆီးပေး၍ ဆီသားထူလာခြင်းကို လည်း တားဆီးပေးပါသည်။ R4 X ၏ detergent နှင့် dispersant ထပ်တိုးပစ္စည်းသည် Shell Rimula R3 ထက် အင်ဂျင်ကို ပိုမိုသန့်စင်စေပါသည်။
သည်အင်ဂျင်ဝိုင် သက်တမ်းတလျောက်လုံး အင်ဂျင်အား ကာကွယ်မှုအပြည့်ပေးပါသည်။

အဓိက အသုံးပြုနိုင်သည့် နေရာအများ

ဝန်ကြီးထမ်းသည့် ယာဉ်များအတွက်
Shell Rimula R4 X သည် လမ်းမပေါ် နှင့် လုပ်ငန်းခွင်သုံး European, US, Japanese ထုတ် ပါဝါကြီးသည့်၊ ဝန်ကြီးထမ်းသည့် ကားများတွင် ကာကွယ်မှုအပြည့်ဖြင့် စွမ်းဆောင်ရည်ကို ကောင်းမွန်စေသည်ကို သက်သေပြနေပါသည်။
လေထုထဲသို့ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် နည်းပညာမြင့်ကားများအတွက်
Shell Rimula R4 X သည် ဓာတ်ငွေ့ထုတ်လုပ်မှု ထိန်းချုပ်ထားသည့် Euro 5,4,3,2 နှင့် US 2002 သတ်မှတ်ချက်များအညီထုတ်လုပ်ထားသည့် အင်ဂျင်များ၌ အသုံးပြုရန်သင့်တော်ပါသည်။

Shell Rimula R4 X သည် ဘိုင်အိုဒီဇယ်လောင်စာအသုံးပြု သည့် ကားများတွင် ထုတ်လုပ်သူ၏ (OEM) ဆီသက်တမ်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်ပါသည်။
နောက်ဆုံးပေါ် ဓာတ်ငွေ့သတ်မှတ်ချက်များဖြင့် ထုတ်ထားသည့်ကားများအတွက် Shell Rimula R4L နှင့် Shell Rimula R6 LE ကိုအသုံးပြုရန် ကျနော်တို့မှ အကြံပေးပါသည်။

ထောက်ခံချက်များ၊ စံသတ်မှတ်ချက်များ နှင့် ခွင့်ပြုချက်များ

API CI-4, CH-4, SL
ACEA E7, E5, E3
Global DHD-1
Caterpillar ECF-2, ECF-1A
Cummins CES 20078, 77, 76,75, 72, 71
Detroit Fluids Specification 93K215
Deutz DQC lll-10
Iveco T1 – Meets the requirements
JASO DH-1
Mack EO-N,EO-M Plus, EO-M
MAN M 3275-1
MB-Approval 228.3
MTU Category 2
Renault Trucks RLD-2
Volvo VDS-3
Case New Holland MAT 3520 (meets specification)
ထောက်ခံချက်အပြည့်အစုံအတွက် Shell နည်းပညာဠာနကိုဆက်သွယ်နိုင်ပါသည်။