Shell Helix Ultra 5W 40
  • Technology – Synthetic
  • Standards  –API SN PLUS, API SN, ACEA A3/B3, A3/B4,BMW Longlife-01,MB-Approval 229.5,226.5, VW Standards 502.00,505.00, Porsche A40, Renault RN 0700, RN 0710, PSA B71 2296, Chrysler MS 10725, 12991,Fiat 9.55535.Z2 & Fiat 9.55535-N2 ( Meets the requirements)
  • Packaging – 4L
  • Description – Shell Fully Synthetic Car Engine OilUltimate Active Cleansing Technology
    Fully Synthetic အင်ဂျင်ဝိုင် – စွမ်းဆောင်ရည်မြင့် အင်ဂျင်များအတွက် Shell ၏နောက်ဆုံးပေါ် ခေတ်မှီပေါင်းစပ်ထုတ်လုပ်မှု
    Shell Helix Ultra သည် စွမ်းဆောင်ရည်မြင့် အင်ဂျင်များအား ပွန်းစားမှုနှင့် အနည်အနှစ်များမှ ကာကွယ်ရန် Active Cleansing Technology ကိုအသုံးပြုထားပြီး၊ အင်ဂျင်အား အမြင့်ဆုံးသော စွမ်းဆောင်ရည်ဖြင့် လည်ပတ်စေပါသည်။ Shell Helix Ultra သည် မူလထုတ်လုပ်သူ (OEMs) သတ်မှတ်ပေးထားသည့် အကြာဆုံးသော ဆီလဲချိန် (ODI) အထိ အသုံးပြုနိုင်ပါသည်။
    စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ
    Shell ၏ Ultimate Active Cleansing Technology နည်းပညာ
    စွမ်းဆောင်ရည်မြင့် အင်ဂျင်များအား စွမ်းဆောင်ရည် ကျဆင်းစေသည့် ဂျီး၊ ဂျိုး၊ အနည်အနှစ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။

သာလွန်ကောင်းမွန်သည့် ပွန်းစားမှု နှင့် တိုက်စားမှု ကာကွယ်ပေးခြင်း 
အင်ဂျင်သက်တမ်းကို ရှည်ကြာစေရန် အင်ဂျင်တွင်း မျက်နှာပြင်ပွန်းစားမှုများအား ကာကွယ်ပေးပြီး၊ အင်ဂျင်တွင်း အင်စစ်များကိုလည်း ဓာတ်ပြယ်စေပါသည်။

Active-Up နည်းပညာ
အရည်အသွေးနိမ့် အင်ဂျင်ဝိုင်များမှ ကျန်ခဲ့သည့် အညစ်အကြေးများကို ဖယ်ရှားပေးပါသည်။

သာလွန်ကောင်းမွန်သည့် ဆီသားအရည်အသွေးထိန်းသိမ်းနိုင်မှု
အင်ဂျင်ဝိုင် သက်တမ်းတလျောက်လုံး အင်ဂျင်အား ကာကွယ်မှုအပြည့်ပေးပါသည်။

ပြင်းထန်သည့် အပူဒါဏ်ခံနိုင်မှု နည်းပညာ
သည် ဆီပျောက်ခြင်း၊ ဖြည့်ဆီလိုက်ရခြင်း စသည့်တို့ကို ဖြေရှင်းပေးထားပါသည်။

အလွန်နိမ့်သည့် အအေးမှတ်၌ အလုပ်လုပ်နိုင်စွမ်း
အင်ဂျင်စနှိုးသည့် အခြေအနေ၌ ဆီ်လည်ပတ်မှု မြန်ဆန်စွာဖြင့် ကောင်းစွာ အလုပ်လုပ်နိုင်ပါသည်။

ထုတ်လုပ်သူများ၏ ထောက်ခံချက်များ
Ferrari နှင့် အခြားသော အရည်အသွေးမြင့်ကားများ၌ အသုံးပြုရန် ထုတ်လုပ်သူများစွာမှ ထောက်ခံချက်ပေးထားပါသည်။

ရှည်ကြာသည့် သက်တမ်း
မူလယာဉ်ထုတ်လုပ်ရောင်းချသူများ သတ်မှတ်ပေးထားသည့် ရှည်ကြာသည့် ဆီသက်တမ်းအတိုင်း အသုံးပြုနိုင်ပြီး၊ ထိုသက်တမ်းတွင်း အင်ဂျင်ကို အပြည့်အဝကာကွယ်ပေးပါသည်။

လောင်စာဆီ( Fuel) အမျိုးမျိုး၌ အသုံးပြုနိုင်ခြင်း
ဓာတ်ဆီ၊ ဒီဇယ်၊ Gas၊ ဘိုင်အိုဒီဇယ် နှင့် ဓာတ်ဆီ/အီသနောအရော စသည့် လောင်စာအင်ဂျင်များတွင် အသုံးပြုနိုင်ပါသည်။

Low Speed Pre-Ignition (LSPI) ကာကွယ်ခြင်း
နောက်ဆုံးပေါ် တာဘိုတပ် တိုက်ရိုက်ဆီ(Fuel) ဖြန်းသည့် ဓာတ်ဆီကားများ၌ တွေ့ရသည့် ကြိုတင်ပေါက်ကွဲဖြစ်စဉ်ဟု ခေါ်သည့် (LSPI) ဖြစ်ခြင်းကိုကာကွယ်ပေးပါသည်။

၁. API SN သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ထားပြီး၊ လွတ်လပ်သည့် စမ်းသပ်ခန်း၌ Sequence lVA နှင့် Vlll စမ်းသပ်မှုဖြင့်အခြေခံထားပါသည်။
၂. ပြင်းထန်သည့် အနည်အနှစ် သန့်စင်သည့် စမ်းသက်ချက်အပေါ် အခြေခံထားပါသည်။
၃. API SN သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ထားပြီး၊ လွတ်လပ်သည့် စမ်းသပ်ခန်း၌ ဆီသားပျက်စီးမှု နှင့် ဂျိုးကျခြင်း Sequence lllG စမ်းသပ်မှုဖြင့်အခြေခံထားပါသည်။
၄. NOACK ၏လိုက်လျောညီထွေ ဖြစ်နိုင်မှု စမ်းသက်ချက်နှင့် ထုတ်လုပ်သူများ၏ လိုအပ်ချက်အပေါ် အခြေခံထားပါသည်။
၅. ဆီသား အထူများနှင့် နှိုင်းယှဉ်ထားပါသည်။
အဓိက အသုံးပြုနိုင်သည့် နေရာအများ
Shell Helix Ultra ၏ Fully Synthetic နည်းပညာသည် ပြင်းထန်သည့် ရာသီဥတု အခြေအနေ နှင့် ခက်ခဲကြမ်းတမ်းစွာ မောင်းနှင်ရသည့် ယာဉ်များအား အမြင့်မားဆုံး ကာကွယ်မှုပေးပါသည်။ Shell Helix Ultra သည် ဓာတ်ဆီ၊ ဒီဇယ် ( Particulate Filter မပါသည့်ယာဉ် )၊ Gas၊ ဘိုင်အိုဒီဇယ် နှင့် ဓာတ်ဆီ/အီသနောအရော စသည့်လောင်စာသုံး ယာဉ်များစွာ တို့၌အသုံးပြုနိုင်ပါသည်။
နောက်ဆုံးပေါ် တာဘိုတပ် တိုက်ရိုက်ဆီ(Fuel) ဖြန်းသည့် ဓာတ်ဆီကားများ၌ တွေ့ရသည့် ကြိုတင်ပေါက်ကွဲ ဖြစ်စဉ်ဟုခေါ်သည့်၊ အင်ဂျင်ကို ထိခိုက်စေသည့် (LSPI) ဖြစ်ခြင်း ကိုကာကွယ်ပေးပါသည်။

ထောက်ခံချက်များ၊ စံသတ်မှတ်ချက်များ နှင့် ခွင့်ပြုချက်များ
API SN PLUS
API SN
ACEA A3/B3, A3/B4
BMW Longlife-01
MB-Approval 229.5,226.5
VW Standards 502.00, 505.00
Porsche A40
Renault RN 0700, RN 0710
PSA B71 2296
Chrysler MS 10725, 12991
Fiat 9.55535.Z2 & Fiat 9.55535-N2 ( Meets the requirements)
သင်တို့၏ ယာဉ်များနှင့် စက်ပစ္စည်းများအတွက် မှန်ကန်သည့် Shell Helix ထုတ်ကုန်ကို ရှာဖွေရန် http://lubematch.shell.com ရှိ Shell LubeMatch ၌ရှာဖွေလိုက်ပါ။
ဤမှာမပါသည့် သုံးစွဲမှုများအတွက် Shell ဖြန့်ချီရေးထံ အကြောင်းကြားဆက်သွယ်ပါ (သို့မဟုတ်) နည်းပညာ ဠာနကိုဆက်သွယ်နိုင်ပါသည်။