TA Resources » Our Business » Our Products » Lubricants » Industrial Oils » Air Compressor Oil » Shell Corena S2 P 100
Shell Corena S2 P 100

စွမ်းဆောင်ရည်မြင့် Reciprocating(Piston) Air Compressor ဆီ
ယုံကြည်အားထားရသည့် ကာကွယ်ပေးမှု
အဆင့်အတန်းပြည့်မှီသည့် ဆီသက်တမ်း အသုံးချနိုင်မှု
Shell Corena S2 P သည် အရည်အသွေးမြင့် air compressor ဆီအမျိုးအစား တစ်ခုဖြစ်ပြီး ဖိအားများသည့် reciprocating compressor များတွင် အသုံးပြုနိုင်ပါသည်။ discharge အပူချိန် 220 ံC နှင့် မြင့်မားသည့် ဖိအားအောက်၌လည်ပတ်နေရသည့် Reciprocating Air Compressor အများစုအတွက်သင့်တော်ပါသည်။

စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ
ဆီသက်တမ်းကြာရှည်မှု-ပြုပြင်ထိန်းသိမ်းစားရိတ်သက်သာခြင်း
Shell Corena S2 P သည် အချို့သောအသုံးပြုမှုများ၌ valve နှင့် piston ပြုပြင်ထိန်းသိမ်းချိန်ကြား လဲလှယ်နိုင်ပါသည်။ compressor အား မြင့်မားသည့် စွမ်းဆောင်ရည်နှင့် အချိန်ပိုမိုကြာမြင်စွာ အသုံးပြုနိုင်စေပါသည်။

ထူးခြားကောင်းမွန်သည့် ပွန်းစားမှုကာကွယ်ခြင်း
Shell Corena S3 R သည် သတ္တုမျက်နှာပြင်များပွန်းစား ပျက်စီးမှုကို ထိရောက်စွာ ကာကွယ်မှုပေးနိုင်ပါသည်။ဒါ့အပြင် ခေတ်မှီသော advanced ashless anti-wear system ပါဝင်ခြင်းကြောင့် bearing နှင့် ဂီယာ များ၏ သက်တမ်းကို ကြာရှည်အောင် ကာကွယ်မှုပေးနိုင်ပါသည်။

စက်လည်ပတ်နေသည့် မြင့်မားသောအပူချိန်အတွင်း၌ valves ၊ piston များပေါ်၌ အနည်အနှစ်စုပုံခြင်း၊ ကပ်နေခြင်းများကို ကာကွယ်ပေးပြီး ပြင်ဆင်ရမှုများကို လျော့ချပေးပါသည်။

သာလွန်ကောင်းမွန်သည့် ပွန်းစားမှု ကာကွယ်ခြင်း
Shell Corena S2 P သည် စက်တွင်းအစိတ်အပိုင်းများဖြစ်သည့် bearings ၊ pis ton ကဲ့သို့သော အရေးကြီးသည့် အစိတ်အပိုင်းများအား ပွန်းစားခြင်းနှင့် တိုက်စားခြင်းမှ ကာကွယ်ပေးပြီး ၎င်းတို့အား သက်တမ်းပိုမိုရှည်ကြာစေပါသည်။

System efficiency ကိုထိန်းသိမ်းနိုင်ခြင်း
Shell Corena S2 P သည် စက်လည်ပတ်နေသည့် မြင့်မားသောအပူချိန် နှင့် ဖိအား အတွင်း၌ valves ၊ piston crowns များပေါ်၌ အနည်အနှစ် စုပုံခြင်း၊ ကပ်နေခြင်းများကို ကာကွယ်ပေးပါသည်။ အနည်အနှစ် စုပုံခြင်း၊ ကပ်နေခြင်းများသည် ဆိုးဝါးသည့် ပျက်စီးမှုများကို ဖြစ်စေကာ compressor ၏ စွမ်းဆောင်ရည်ကို လျော့ကျစေပြီး၊ ပြင်ဆင်စားရိတ်ကိုလည်း ပိုမိုကုန်ကျစေပါသည်။ Shell Corena S2 P သည် ဆီနှင့် ရေကို လျှင်မြန်စွာခွဲထုတ်နိုင်သောကြောင့် တိုက်စားမှုကို ကာကွယ်ပေးပြီး အလွယ်တကူ ဖောက်ထုတ်နိုင်ပါသည်။

Air line လုံခြုံရေးကိုလည်း တိုးမြှင့်ပေးပါသည်
လေပြန်သည့် လိုင်းတစ်လျှောက် သံချေးမှုန်များစုပုံခြင်း၊ carbon အနည်အနှစ်များ ပြန့်ကျဲနေခြင်း သည် ဖိသိပ်ထားသည့်လေ အပူနှင့် ထိတွေ့သည့်အခါ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းများ ဖြစ်စေပါသည်။ Shell Corena S2 P သည် ထိုသို့သော အန္တရာယ်များကို လျော့ချပေးပါသည်။

အဓိကအသုံးပြုနိုင်သည့် နေရာများ

Reciprocating Air Compressor
Shell Corena S2 P သည် discharge temperature 220 ံC အတွင်း လည်ပတ်နေသည့် စက်ရုံသုံး reciprocating air compressor များအတွက် သင့်တော်ပါသည်။
Breathing Air Compressor
Shell Corena S2 P သည် ပြင်ပသန့်စင်သည့် စနစ်များတပ်ဆင်ထားသည့် Breathing Air Compressor များတွင် အသုံးပြုနိုင်ပါသည်။

ရရှိထားသည့် ထောက်ခံချက်များ

DIN 51506 VBL
ISO 6743-3A-L DAA Normal Duty