Shell Omala S2 GX 68
  • Technology – Synthetic
  • Standards – ISO 129-1 Type CKD (ISO 68), ISO 129-1 Type CKC (ISO 68), DIN 51517- Part 3 CLP (ISO 68), AGMA EP 9005-F16 (ISO 68), AIST (US Steel) 224 (ISO 68), Fives Cincinnati: P-63 ( ISO 68)
  • Packaging –
  • Description – Industrial Gear Oils
    ထပ်တိုးကာကွယ်မှု
    ဆီသားပျက်စီး ကာကွယ်နိုင်မှု
    ပွန်းစားမှုနှင့် Micropitting ကာကွယ်နိုင်မှု
    တိုက်စားမှုနှင့် အမြှုပ်ထခြင်း ကာကွယ်နိုင်မှု
    Shell Omala S2 GX သည် ဝန်ကြီးထမ်းစက်ရုံသုံး ဂီယာဘောက်များအတွက် အထူးထုတ်လုပ်ထားသည့် ဖိအားဒါဏ်ခံ အဆင့်မြင့် ဂီယာဝိုင်ဖြစ်ပါသည်။ ၎င်း၏ ဝန်ကြီးထမ်းစွမ်းဆောင်ရည်၊ Micropitting ဖြစ်ခြင်းအားကာကွယ်ခြင်း နှင့် စည်းပိတ်သည့် အရာများနှင့် လိုက်လျောညီထွေဖြစ်မှုသည် ဂီယာအပိတ်များ၌ အသုံးချရာတွင် သာလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပေးဆောင်ပါသည်။

 

စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ

    • ကုန်ကျစားရိတ်လျော့ချပေးနိုင်သည့် ဆီ၏ အပူဒါဏ်ခံနိုင်မှုနှင့် သက်တမ်းကြာရှည်မှု
      Shell Omala S2 GX သည် ဆီ၏ သက်တမ်းအတွင်း ဆီသားပျက်စီးခြင်းနှင့် အပူဒါဏ်ခံနိုင်ဖို့ရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် အပူချိန်အမြင့်၌လည်း ဝန်ထမ်းနိုင်ပြီး၊ အနည်အနှစ်စုပုံခြင်းကို ကာကွယ်ပေးပြီး ဆီ၏ သက်တမ်းကို ရှည်ကြာစေပါသည်။
    • ကောင်းမွန်သည့် ပွန်းစားမှုနှင့် Micropitting ကာကွယ်ပေးနိုင်မှု
      Shell Omala S2 GX သည် ကောင်းမွန်စွာ ဝန်ထမ်းနိုင်စေရန်နှင့် micropitting ဖြစ်ခြင်းကို ကာကွယ်နိုင်ပြီး စက်ပစ္စည်းများ၏ သက်တမ်းရှည်ကြာစေရန် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
    • ရေရောနှောမပါဝင်နိုင်မှု၊ တိုက်စားမှုကာကွယ်နိုင်ခြင်း၊ အမြှုပ်ထခြင်းမှကာကွယ်နိုင်ခြင်းများသည် ဂီယာစနစ်၏စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးပါသည်
      Shell Omala S2 GX သည် ရေကိုဖယ်ရှားနိုင်ခြင်း၊ တိုက်စားမှုကာကွယ်နိုင်ခြင်း၊ အမြှုပ်မထခြင်း စသည်တို့ကို သက်သေပြပြီးဖြစ်ပါသည်။
      ရေသည် ဂီယာအတွင်းမျက်နှာပြင်များအား ကြွတ်ဆတ်စေခြင်းနှင့် တိုက်စားမှုတို့ကိုဖြစ်စေပါသည်။ ပင်လယ်ရေနှင့် အမှုန်အမွှား ပါဝင်လာသော်လည်း အထူးကောင်းမွန်သည့် တိုက်စားခြင်းမှ ကာကွယ်ပေးနိုင်မှုကို ရရှိစေပါသည်။ ဆီအနည်းငယ်ဖြင့် မောင်းနှင်ရသည့်ဂီယာများတွင်လည်း အမြှုပ်ထခြင်းများကို လျော့ချပေးပါသည်။
      ဆီသက်တမ်းတစ်လျှောက် ဆီသားတည်ငြိမ်မှု၊ ဖိအားတည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။
      ယိုစိမ့်မှုများကို ရှောင်ရှားဖို့ရန် လိုအပ်စည့် ကော်စေးများ၊ စည်းများကိုအသုံးပြု၍ စနစ်၏စွမ်းဆောင်ရည်ကို ရရှိပါသည်။ Shell Omala S2 GX သည် ထိုအရာများနှင့် အတူတကွအသုံးပြုနိုင်ပါသည်။

အဓိကအသုံးပြုနိုင်သည့် နေရာများ

    • စက်ရုံသုံးဂီယာ အပိတ်များ
      Shell Omala S2 GX သည် စတီးနှင့်စတီး ထိတွေ့အသုံးပြုရသည့် စက်ရုံသုံး ဂီယာအပိတ် များဖြစ်သော စပါးဂီယာ၊ ဟီလီကယ်ဂီယာ၊ အထိုင်ဂီယာများ၌ ဖိအားဒါဏ်ခံနိုင်ဖို့ရန် အထူးပြုလုပ်ထားပါသည်။ ဆီနည်းနည်းဖြင့် တွန်းအားပေးလည်ပတ်ရသည့် ဝန်ကြီးထမ်းရသည့် စနစ်များတွင်လည်း ဖိအားဒါဏ်ခံနိုင်ဖို့ရန် အထူးပြုလုပ်ထားပါသည်။
      Shell Omala S2 GX သည် splash or force လည်ပတ်ရမှုများရှိ စတီးနှင့်စတီးအစိတ်အပိုင်းများ၊ ဘယ်ရာရင်များ ပါပြီး ဂီယာမပါသည့် စနစ်များတွင်လည်း အသုံးပြုနိုင်ပါသည်။
    • အခြားအသုံးပြုနိုင်သည့် နေရာများ
      Shell မှ အခြားသော လိုအပ်ချက်များနှင့် ဂီယာများစွာအတွက်လည်း ထုတ်ကုန်များစွာရှိပါသည်။
    • Shell Omala S4 GXV ကို Synthetic ဆီလိုအပ်သည့် နေရာများ၊ ဆီသက်တမ်းအလွန်ကြာရှည်စွာ သုံးရမည့်နေရာများ၊ အပူချိန်ပြောင်းလဲမှုများသည့် နေရာများ အစရှိသည်တို့၌ အသုံးပြုရန် ညွှန်းဆိုပါသည်။
    • Shell Omala S4 WE, Shell Morlina S4 B, Shell Omala S1 W တို့သည် Worm ဂီယာများအတွက် ညွှန်းဆိုပါသည်။
    • အော်တော်မက်တစ် ဂီယာများအတွက် Shell Spirax ဆီကိုညွှန်းဆိုပါသည်။
    • Shell Omala S2 GX ကို မက်ခရွန် ၅ အဆင့်ထိ စစ်ထုတ်ရသည့် ဂီယာအသုံးပြုမှုများအတွင် အသုံးပြုမည်ဆိုလျှင် Shell မှနည်းပညာရှင်များနှင့် ဆက်သွယ်အကြံဉာဏ်ရယူပါ။

ရရှိထားသည့် ထောက်ခံချက်များ

    • ISO 129-1 Type CKD (ISO 68)
    • ISO 129-1 Type CKC (ISO 68)
    • DIN 51517- Part 3 CLP (ISO 68)
    • AGMA EP 9005-F16 (ISO 68)
    • AIST (US Steel) 224 (ISO 68)
    • Fives Cincinnati: P-63 ( ISO 68)