Shell Gadus S2V 220 0

  • Technology – Synthetic
  • Standards – 
  • Packaging –
  • Description – Grease
    • ယုံကြည်စိတ်ချ ရသည့်ကာကွယ်မှု
    • နေရာများစွာ၌ အသုံးပြုနိုင်မှု
    • Lithium အမျိုးအစား အမဲဆီ

ဖိအားဒဏ်ကောင်းစွာခံနိုင်သည့် နေရာစုံသုံး အရည်အသွေးမြင့်အမဲဆီ
Shell Gadus S2V 220 သည် စေးပြစ်ညွှန်းကိန်းအမြင့် အခြေခံဆီနှင့်Lithium thickener ရောနှော၍ ထုတ်လုပ်ထားသည့် ဖိအားဒဏ်အလွန်ခံနိုင်သော နေရာစုံသုံးအမဲဆီဖြစ်ပါသည်။ အသုံးပြုမှုအမျိုးမျိုး၌ စွမ်းဆောင်ရည်ကောင်းမွန်စေရန် ဖိအားဒဏ်ခံနှင့် အခြားသော ထပ်တိုးပစ္စည်းများပါဝင်ပါသည်။ Shell Gadus S2V 220 အား စက်ရုံအလုပ်ရုံများနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌တွေ့ရသည့် လည်ပတ်နေသည့် အစိတ်အပိုင်းများ၊ Plain ဘယ်ရာရင်များ၊ Hinges များ နှင့် Sliding မျက်နှာပြင်များ စသည့် အမျိုးမျိုးသောနေရာများတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်ထားပါသည်။

စွမ်းဆောင်ရည်၊ ဂုဏ်သတ္တိ နှင့် အကျိုးကျေးဇူးများ

    • ကောင်းမွန်သည့် ဝန်ထမ်းနိုင်သည့် စွမ်းဆောင်ရည်
      Shell Gadus S2V 220 ၏ အမဲဆီအလွှာသည် ပျက်စီးခြင်းမရှိပဲ ဝန်ကြီးများ၊ Shock Load များထမ်းနိုင်အောင်၊ ဖိအားဒဏ်ခံသည့် အထူးထပ်တိုးပစ္စည်းများ ပါဝင်ပါသည်။
    • စက်ပစ္စည်းများကို တည်ငြိမ်စေနိုင်မှု
      အမဲဆီ၏ စွမ်းဆောင်ရည်ကို လျော့ကျစေသည့် ပတ်ဝန်းကျင်တုန်ခါမှုသည် စက်ပစ္စည်းများ၏ တည်ငြိမ်စွာအလုပ်လုပ်နိုင်မှုကို ထိခိုက်စေနိုင်ပါသည်။ Shell Gadus S2V 220 သည် စက်ပစ္စည်းများ၏ တည်ငြိမ်မှုကို တိုးတက်စေပါသည်။
    • ရေကြောင့်ပျက်စီးမှုကို ကာကွယ်ပေးနိုင်မှု
      Shell Gadus S2V 220 သည် ရေကြောင့်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ရန် ထုတ်လုပ်ထားပါသည်။
    • Oxidation ဖြစ်မှုကို ခံနိုင်မှု
      အထူးရွေးချယ်ထားသည့် အခြေခံဆီနှင့် အခြားပါဝင်ပစ္စည်းများသည် ဆီသားပျက်စီးမှုကို ကောင်းမွန်စွာ ထိန်းချုပ်ပေးပါသည်။ ဘယ်ရာရင် ပွန်းစားမှု၊ ကြပ်သိပ်မှုမဖြစ်စေပဲ အပူဒါဏ်ကိုကောင်းစွာ ခံနိုင်ရည်ရှိပါသည်။ သိမ်းဆည်းမှုကြောင့်လည်း အမဲဆီ၏ အရည်အသွေးကျမသွားနိုင်ပါ။
    • ကောင်းမွန်သည့် ပွန်းစားမှုနှင့် တိုက်စားမှု ခံနိုင်ခြင်း
      Shell Gadus S2V 220 သည် သတ္တုမျက်နှာပြင်နှင့် အတူရှိနေပြီး ရေနှင့်များစွာ ထိတွေ့ရသည့်တိုင်အောင် ဘယ်ရာရင်မျက်နှာပြင်များကို ပွန်းစား၊ တိုက်စားမှုမှ ကာကွယ်ပေးပါသည်။

အဓိကအသုံးပြုနိုင်သည့် နေရာများ

Shell Gadus S2V 220 0 အားအောက်ပါနေရာများတွင် အသုံးပြုနိုင်ရန် အထူးထုတ်လုပ်ထားပါသည်။

    • ပျော့ပြောင်းသည့်အမဲဆီလိုအပ်ပြီး ဖြန့်ဝေစက်နှင့် တွဲသုံးသည့် Steel Mill များ၌ အသုံးပြုနိုင်ပါသည်။
    • စိုစွတ်သည့်နေရာ၌ Shock Load ထမ်းရပြီးပြင်းထန်သည့်အခြေအနေအောက်အလုပ်လုပ်နေရသည့်မျက်နှာပြင်ညီနှင့်လည်ပတ်နေသည့်ဘယ်ရာရင်များတွင်အသုံးပြုနိုင်ပါသည်။